Company | Ubisoft Entertainment |
Updated | December 7, 2023 |
Size | 163.31MB |
Version | 10.6.0 |
Requierment | Android 5.0+ |
Type | Offline |
Hungry Shark ဆိုတဲ့ ဒီ Game လေးက လူကောင်းတွေဘက်ကနေ ဆော့ရတာမျိုးမဟုတ်ဘဲ Villain တွေဘက်ကနေ အကောင်ကြီးတွေအဖြစ်နဲ့ ကစားပေးရမှာပါ။ အပျင်းပြေတယ်ဆိုတာထက် လုံးဝကို လိုက်သောင်းကျန်းပေးရမှာဖြစ်တာကြောင့် စိတ်အပန်းဖြေတာထက်ကို ပိုအားရစေမယ့် Game ကောင်းလေးတစ်ခုပါ။ ဒီ Game မှာဆိုရင် နာမည်ရဲ့ Hungry Shark ဆိုတဲ့အတိုင်း ဆာလောင်နေတဲ့ ငါးမန်းတွေနေရာကနေ ကစားပေးရမှာဖြစ်ပြီး ကိုယ့်ထက်ငယ်တဲ့ ရှိရှိသမျှ သတ္တဝါတွေအားလုံးကို လိုက်စားပေးရမှာပါ။ အဲဒီထဲမှာ ငါးတွေ ၊ လိပ်တွေ ရေနေသတ္တဝါတွေ အများစုပါဝင်တဲ့အပြင် ပင်လယ်ပြင်ထက်မှာ အပန်းဖြေကြတဲ့ ကမ်းခြေက လူသားတွေအထိပါ လိုက်စားလို့ရမှာပါ။ ဆာလောင်နေတဲ့ တိရိစ္ဆာန်တစ်ကောင်ဟာ ရူးခါနေအောင်ထိ ပြုမူတတ်တာကြောင့် ဘာကြီးပဲ ရှေ့မှာရှိနေရှိနေ သူ့ရဲ့ သားကောင်ကို ရဖို့တွက် အဆုံးစွန်ထိ လိုက်တတ်တာ သဘာဝတစ်ခုပါ။ အဲ့လိုဘဲ ဒီ Game မှာဆိုရင်လည်း ပင်လယ်ပြင်ထက်တင်မကဘဲ ရေအောက်အနက်ဆုံးထိ အစာရှာထွက်လို့ရတဲ့အပြင် အာကာသအထိပါ Jumping လုပ်ပြီး လေယာဉ်တွေပါ တိုက်ချလို့ရတာပါ။
Game ရဲ့ ပုံစံက 3D Side Scrolling အမျိုးစားဖြစ်ပြီး ငမန်းကို အစာ ဆက်တိုက်ကျွေးနေရမှာဖြစ်တာကြောင့် အစာကြေသွားတာနဲ့ တန်းသေဆုံးမှာပါ။အဲဒါကြောင့်လည်း မြင်မြင်သမျှကို လိုက်ကိုက်နေတာဖြစ်ပြီး ပင်လယ်ရေအောက်မှာ တွေ့ရတတ်တဲ့ ရေအောက်ဗုံးတွေတောင် မရှောင်တော့တဲ့ထိ ဖြစ်နေတာပါ ။ တစ်ခါတစ်ရံ ရေအောက်ကို သံစကာနဲ့ ငါးမန်းလာကြည့်တဲ့ လူသားတွေကိုလည်း တွေ့ရတတ်တာကြောင့် 47 meter down ထဲကလို သံစကာကြီးကို ကိုက်ဖြတ်ပြီးလည်း အထဲက လူတွေကို အားရပါးရ ကိုက်လို့ရပါတယ်။ Location အနေနဲ့ တစ်ခုတည်းတောင်မဟုတ်ပါဘူး ကံကောင်းရင် Time teleport တွေနဲ့ Titanic သင်္ဘောကြီးတွေထိပါ စားကျက် ရှာလို့ရပါတယ်။ တကယ် ပီပြင်အောင် အသက်ကယ်လှေတွေနဲ့ သင်္ဘောမြုပ်နေတုန်းအခိုက်တန့်ကို မြင်တွေ့ရမှာမလို့ titanic movie ကိုတောင် သတိရသွားစေမှာပါ။ Gameplay ဒီဇိုင်းက infinite ပုံစံဆွဲပေးထားပေမယ့် ဒီ Game ရဲ့ ပန်းတိုင်က အပန်းဖြေစေရုံတင်မကဘဲ နောက်ထပ် Species တွေကိုပါ ရအောင်ထိ ကစားပေးရမှာပါ။ Hungry Shark ဆိုပေမယ့် ငါးမန်းတွေတင်မကဘဲ ရေအောက်ရဲ့ သားရဲတိရိစ္ဆာန် predator တွေအနေနဲ့ပါ ကစားလို့ရပါသေးတယ်။
Player အနေနဲ့ ကစားလို့ရတဲ့ စုစုပေါင်းမျိုးစိတ်က 26 မျိုးထိပါဝင်ပြီး အဲဒီထဲက အကြီးဆုံးနဲ့ လူသိများတာကတော့ ရေဘဝဲကြီးဖြစ်တဲ့ Kraken အပြင် ဒဏ္ဍာရီအဆိုထဲမှာသာ ရှိခဲ့တဲ့ ပင်လယ်ပြင်ရဲ့ ဧရာမအကြီးဆုံး Shark ဖြစ်တဲ့ Sharknarok ထိပါ မျိုးစိတ်အစုံကို တွေ့မြင်ရမှာပါ။ မျိုးစိတ်တိုင်းဟာ တစ်ကောင်နဲ့ တစ်ကောင် အားသာချက်ချင်းမတူညီကြတဲ့အပြင် Ability တွေကပါ ကိုယ်စီရှိကြပါသေးတယ်။ နောက်ထပ် Support အနေနဲ့ ထပ်ထည့်လို့ရတာတွေကတော့ နောက်လိုက် Shark အသေးစားလေးတွေအပြင် Customize အနေနဲ့ ကာလာအရောင်တွေ ၊ fancy things တွေပါ စိတ်ကြိုက်ဖန်တီးတပ်ဆင်လို့ရသေးတာပါ။ အများစုဟာ အလှပတွက်ဆိုပေမယ့် တစ်ချို့ပစ္စည်းတွေကတော့ Laser ရောင်ခြည်တွေအပြင် ကိုယ်ေပျာက်Mechine တွေထိပါ ငါးမန်းရဲ့ ခန္ဓာကိုယ်ကို တပ်ဆင်လို့ရတာပါ။ အမဲလိုက်တဲ့အခါ အရမ်းအသုံးဝင်တာကြောင့် သားကောင်ဟာ အနားရောက်လို့ရောက်နေမှန်းတောင် သိလိုက်မှာမဟုတ်ပါဘူး။ နောက်ထပ် Upgrade Parts တွေအနေနဲ့ Bite ဖြစ်တဲ့ ကိုက်စားတဲ့နှုန်းတွေ ၊ Speed တွေ Boost တွေပါ အဆင့်မြင့်တင်လို့ရသေးတာပါ။ ရေအောက် Rader တွေလည်း တပ်လို့ရတာကြောင့်ပင်လယ်ပြင် အကျယ်ကြီးထဲမှာ အားရပါးရ အမဲလိုက်ခွင့်ရမှာပါ။
( Mod version ဖြစ်ပြီးတော့ ပိုက်ဆံကော Diamonds တွေပါ သန်းတစ်ထောင်ထိ Cheat ပေးထားတာပါ )