Company PIKPOK
Updated October 13, 2023
Size 939MB
Version V1.47
Requierment Android 6.0
Type Offline

Gameplay Photos

Gameplay Video

About Game

လေယာဉ်ပျံတွေ၊ တင့်ကားတွေနဲ့၊ ပြိုင်ကားတွေဘဲ မောင်းနေရတာကို စိတ်ကုန်လာပြီလား? ဒါဆိုအပြောင်းအလဲလေး ဖြစ်သွားအောင် ဒီတစ်ခါ မြင်းစမ်းစီးကြည့်ပါ။ 2019 ခုနှစ်လောက်က PIKPOK Team ကနေထုတ်လုပ်ခဲ့တဲ့ ဒီမြင်းစီးဂိမ်းလေးဟာ Story line အသေးစားလေးနဲ့၊ ပေါ့ပေါ့ပါးပါး ဆော့လို့ကောင်းပြီး မြင်းချစ်တတ်တဲ့သူတွေ ကော ပြိုင်ဆိုင်ရတာ ကြိုက်တဲ့သူတွေ ပါ ဆော့ကစားသင့်တယ့် ဂိမ်းလေးတစ်ခုပါ။ 
သင့်ရဲ့အဘိုးဟာ တစ်ချိန်က အရမ်းတော်တဲ့ ပြိုင်မြင်းစီးတဲ့သူတစ်ယောက်ဖြစ်ခဲ့ပြီး သင့်ရဲ့ အဖေကလဲ နောက်ပိုင်းမှာ အဘိုးနဲ့အတူတူ အောင်မြင်လာခဲ့ပါတယ်။ ဒါပေမယ့် သင်အဖေဟာ ပွဲတစ်ပွဲမှာ ပြိုင်မြင်းပါ်က မတော်တဆပြုတ်ကျခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ ဒဏ်ရာဟာ ပြင်းလွန်းလို့ နှစ်တွေအများကြီးကုတာတောင် မပျောက်ဘဲ မိသားစုပါ အကြွေးတွေတင်လာတယ့်အပြင် သူတို့ချစ်မြတ်နိုးတဲ့ မြင်းခြံနဲ့ မြင်းစီးတဲ့အလုပ်ကိုပါ စွန့်လွှတ်ခဲ့ရပါတော့တယ်။ ဒီလိုနဲ့ ကြာလာရင်း သင့်အဖေ ‌ဆုံးပါသွားခဲ့ပြီး သိပ်မကြာခင်မှာဘဲ သင့်အဘိုးပါ ဆုံးသွားတာကြောင့် သင်လဲ နိုင်ငံရပ်ခြားကိုထွက်ခွာခဲ့ပါတော့တယ်။ နှစ်တွေကြာလာပြိးနောက်မှာတော့ သင့်ကို သင့်အဘိုးရဲ့ သူငယ်ချင်းဟောင်းဖြစ်တဲ့ Francis Kwang က စာလေးနဲ့ဆက်သွယ်ခဲ့ပြီး မိသားစုလုပ်ငန်းကို ပြန်လုပ်ဖို့ တောင်းဆိုမှုကြောင့် သင်လဲ မွေးဇာတိကို ပြန်ရင်း အတော်ဆုံးမြင်းစီးသမား ဖြစ်အောင် ကြိုးစားကမှာပါ။ ( မျှဝေခြင်း - ပြိုင်မြင်းစီးတဲ့သူကို Jockey လို့ခေါ်ပါတယ်တဲ့ )
ဒီကနေစပြီးတော့ သင်ဟာ သင့်အိမ်ကမြင်းစောင်းကို ပြန်လည်ပြင်ဆင်ပြီး မြင်းအသစ်‌တွေဝယ်စီးရင်း မိသားစုခြေလှမ်းကိုစလျောက်ရပါတော့တယ်။
Gameplay ကတော့ ပြုင်ဆိုင်ရတဲ့ဂိမ်း‌တွေ ရဲ့ ဓလေ့အတိုင်း အမြန်ဆုံးပြေးနိုင်တဲ့သူ ၊ ပန်းအရင်ဝင်တဲ့သူ အနိုင်ရတယ့် ပုံစံဘဲမို့ အင်မတန်မှ ရိုးရှင်းပါတယ်။ Controlမှာတော့ အခြေခံအားဖြင့် ဘယ် ၊ ညာ ရွေ့တဲ့ ခလုတ်၊ အမြန်ပြေးတဲ့ ခလုတ် နဲ့ အရှိန်လျော့တဲ့ခလုတ် တို့သာပါရှိပြီး တစ်ချို့ပွဲတွေဆိုရင်တော့ ခုန်တဲ့ခလုတ်ပါ ပါလာတတ်ပါတယ်။ မြင်း တစ်ကောင်ချင်းစီတိုင်းမှာ မတူညီတဲ့ Preference ရှိတာကြောင့် ပြိုင်ပွဲတစ်ပွဲနိုင်ဖို့ အဓိကအချက်က မြင်းကောင်းတယ် မကောင်းဘူး ဆိုတာအပြင် မြင်းကိုထိန်းချုပ်တဲ့ Player ပေါ်မှာလဲမူတည်ပါသေးတယ်။ ဥပမာ ကိုယ့်မြင်းက လမ်း အလယ်ကနေမှ ပြေးမှ ယုံကြည်မှုရှိတယ်ဆို ကိုယ်က ကိုယ့်မြင်းကို အလယ်ကို ဆွဲခေါ်မှ ပိုပြီးပြေးနိုင်မှာပါ။ အဲ့လိုမျိုး မြင်း နဲ့ Player ကြားမှာ အချိတ်အဆက်မရှိဘဲ တစ်ဖက်သက်ကြီးလုပ်နေရင်တော့ ပြိုင်ပွဲမှာ နောက်ကျကျန်ခဲ့မှာ သေချာပါတယ်။ ဒီဂိမ်းရဲ့ အဓိကကတော့ Racing အပြင် မတူညီတဲ့ မြင်းမျိုးစိတ်လေးတွေကို သားဖောက်ပြီး ပြုစုပျိုးထောင်ရတာလဲပါပါသေးတယ်။ အဲ့တာကြောင့်မို့လို့ ကိုယ်သဘောကျတဲ့ မြင်းတွေကိုတွေ့ရင် မရောင်းဘဲ ပိုကောင်းတဲ့မျိုးစိတ်ရလာအောင် သားဖောက်ကပါတယ်။ မွေးလာတဲ့မြင်းလေးကလဲ ချက်ချင်းကြီးတာမဟုတ်ဘဲ ပုစုခရုလေးကနေမှ ပြိုင်မြင်းဖြစ်လာအောင် လေ့ကျင့်ရင်းနဲ့ သားကောင်ကြီးဖြစ်လာတာပါ။ အားလုံးခြုံပြောရရင်တော့ အစကပြောခဲ့သလို သာမန်ပြိုင်ရတယ့် ဂိမ်းတွေကို ငြီးငွေ့နေရင် ပြောင်းဆော့လို့ကောင်းတယ့်အပြင် မြင်းပြိုင်ဂိမ်းတွေထဲမှာလဲ ကောင်းတာဆိုလို့ ရှားရှားပါပါး ဒီဂိမ်းဘဲရှိတာမို့ စမ်းဆော့ကြည့်သင့်တယ့် ဂိမ်းတစ်ခုဘဲ ဖြစ်ပါတယ်။

Mod Features

Weak Opponents

Download Here

Comment

Similar Games

Card image cap

Tony Hawk’s Pro Skater 3

Card image cap

MMA Manager 2

Card image cap

Downhill master

Card image cap

Dream League Soccer 2020 (DLS)

Card image cap

Grand Mountain Adventure APK

Card image cap

Pes 2023 Mod PSP

Card image cap

Dream League Soccer 2018 APK

Card image cap

PES 2014: Pro Evolution Soccer